Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးများ အနည်းငယ်မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၇.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၈၈၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ်လျှင် (၆၈၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၂၈၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်လျှင် (၅၀၀၀ဝိ/-)ကျပ် နှင့် ဖွဲနု တစ်အိတ်လျှင် (၁၃၂၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၄.၅.၂၀၂၄) ရက် နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၉၀၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန်(မနော သုခ)(သစ်) တစ်အိတ်လျှင် (၇၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-)ကျပ် နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် (၇၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၂၁၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်၊ ဆန်ကွဲနှင့် ဖွဲနုဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News